နေပြည်တော် ဧပြီ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိုင်းပန်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းထက်အောင် နှင့် တာဝန်ရှိ သူများသည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကျောင်းထမ့် ၃ မိုင် ဘုန်းတော်ကြီး ကျောင်းတိုက်ရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ဆေးများ ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေ ရေး ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်