နေပြည်တော် ဧပြီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးအ ကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်း ဆောင်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။
တွေ့ဆုံပွဲတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်စိုး က ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆိုင်ရာ အချက်အလက်များ ၊ လုပ်ငန်းဆောင်ရွက်ပြီး စီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း ၊ ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးက ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြ ၊ ရေသန့် ၊ လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှား အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဆောက်လုပ် ပြီးစီးပြီဖြစ်၍ နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည့်အပြင် အဆောက်အဦများ ထပ်မံဆောက်လုပ်ရန်အတွက် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း ၊ ရန်ကုန်ပြည်သူ့အငှား အိမ်ရာစီမံကိန်းအနေဖြင့် ၈၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဦးစားပေးဆောင် ရွက်သွားရန်နှင့် ပြီးစီးမှုပေါ်မူတည်၍ အပိုင်းလိုက် နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ အိမ်ရာစီမံကိန်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ၊ သန့်ရှင်းသပ်ရပ်စေ ရေးနှင့် သွားလာရေး လွယ်ကူအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြီး အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိ သူများအားမှာကြား၍ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ၊ အမှတ် (၂) လမ်းမကြီး မိုင်တိုင်အမှတ် (၁၄ / ၂) နှင့် အမှတ် (၃) လမ်းမကြီး မိုင်တိုင်အမှတ် ( ၄ / ၁)တို့တွင် လမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မက်စ်မြန်မာကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် သော လက်ရှိ (၄) လမ်းသွားမှ (၆) လမ်းသွားအဆင့် လမ်းတာပေါင် တိုးချဲ့ဆောင် ရွက်ခြင်းနှင့် ကတ္တရာကွန်ကရစ်(AC) ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြမှုကို ပြည်ထောင် စုဝန်ကြီးက လမ်းအင်္ဂါရပ်များနှင့်အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန် ၊ လမ်းဘေးရေ မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ပေးရန် ၊ ကတ္တရာကွန် ကရစ် (AC) ခင်းခြင်းအပိုင်းအား စီမံချက်အတိုင်း ပြီးစီးရေးနှင့် မြေကြီးတာပေါင် လုပ်ငန်းများ အား မိုးမကျမီ အပြီးဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်