လယ်ဝေး ဧပြီ ၃၀

 

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများတွင် ပျက်စီးခဲ့သည့် အဆောက်အဦများအား ပြန်လည်ထူထောင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့၊ အမှတ်(၄၇) စက်မှုလယ်ယာစခန်းမှ စက်ယန္တရားများဖြင့် ကျေးရွာတွင်းလမ်းများ ရှင်းလင်းခြင်း၊ အပျက်အစီးများ ဖယ်ရှားခြင်း၊ အမှိုက်များရှင်းလင်းခြင်း စသည့်လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)