တိုကျို၊ ဧပြီ ၃၀
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ထိပ်သီးအစည်းအဝေး ဆွေးနွေးပွဲအတွက် အီဂျစ်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
ဝန်ကြီးချုပ်ကီရှီဒါကို တင်ဆောင်လာသည့် အစိုးရလေယာဉ်တစ်စင်းမှာ ကိုင်ရိုမြို့သို့ ဧပြီ ၂၉ ရက်က ဆိုက်ရောက်ခဲ့သည်။ အီဂျစ်နိုင်ငံမှာ ၎င်း၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်သည့် အချိန်မှစကာ ပထမဆုံးခရီးစဉ်ဖြစ်သည်။ အဆိုပါ ခရီးစဉ်မှာ ယခုနှစ်မေလတွင် ဟီရိုရှီးမား၌ ကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးမတိုင်မီ ရောက်ရှိလာခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ကီရှီဒါက ဆူဒန်နိုင်ငံ၌ စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား စစ်ရေးပဋိပက္ခကဲ့သို့သော ဒေသဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အီဂျစ်သမ္မတ အယ်လ်စီစီနှင့် အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခေါင်းဆောင်များသည် ဂျပန်နှင့် အီဂျစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးရန် မျှော်လင့်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ထိပ်သီး အစည်းအဝေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရန်စီစဉ်ထားကြောင်း၊ ၎င်း၏ ခုနစ်ရက်ကြာ ခရီးစဉ်အတွင်း အီဂျစ်နိုင်ငံသို့ သွားရောက်ပြီးနောက် ဂါနာ၊ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ