ပေကျင်း၊ မေ ၂

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံဓာတုပစ္စည်းကုမ္ပဏီက ဦးဆောင်၍ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အာရှဒေသ၏ အနက်ရှိုင်းဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ တွင်းတူးဖော်မှုကို မေ ၁ ရက်က စတင်ဆောင်ရွက်ခဲ့သည်။

 

တာ့ခ်လီမာကန် သဲကန္တာရ အစွန်းတွင်ရှိသော အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းသည် အနက် ၉၄၇၂ မီတာရှိမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ ရေနံနှင့် ဓာတုလုပ်ငန်း (စီနိုပက်) မှ ပြောကြားသည်။

 

စီနိုပက်ကုမ္ပဏီ၏အဆိုအရ အဆိုပါတွင်းသည် အလွန်နက်ရှိုင်းသော တွင်းတူးနည်းပညာတွင် တရုတ်နိုင်ငံ၏ ဦးဆောင်နေရာယူမှု၏ နောက်ထပ်သာဓကတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

 

ဆင်ဟွာ