မေ ၂

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ဧပြီ ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ဧပြီ ၂၉ ရက်တွင် ၁၇ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဖိလစ်ပိုင်လေ့လာဆန်းစစ်သူတစ်ဦး၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်မှုနှုန်းသည် ဧပြီ ၃၀ ရက်အထိ ၁၅ ဒသမ ၂ ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး ရီဇယ်ပြည်နယ်တွင် ၂၈ ဒသမ ၅ ရာခိုင်နှုန်း၊ ကာဗိုက်တွင် ၂၈ ဒသမ ၁ ရာခိုင်နှုန်း၊ လာဂူနာတွင် ၂၁ ဒသမ ၂ ရာခိုင်နှုန်းတို့ဖြစ်ပြီး ကာမာရီနတ်ဆာတွင် ၃၉ ဒသမ ၇ ရာခိုင်နှုန်းရှိရာ ကူးစက်မှုနှုန်းအမြင့်မားဆုံးဖြစ်သည်။

 

ဖိလစ်ပိုင်ကျန်းမာရေးဌာန ( ဒီအိုအိတ်ချ် )က အများပြည်သူများအနေဖြင့် ကူးစက်မှုနှုန်းမြင့်မားနေစဉ်အတွင်း အထိတ်တလန့်မဖြစ်ကြဖို့လိုကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင်ဆေးရုံတက် ကုသမှုနှုန်းနည်းပါးနေဆဲဖြစ်ကြောင်း ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ နီးပါးရှိရာ ဧပြီ ၃၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄ ဒသမ ၁ သန်းနီးပါးရှိပြီး ထိုရောဂါဖြင့် သေဆုံးသူ ၆၆၄၄၄ ဦးရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို