မန္တလေး မေ ၄

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ထပ်ဆောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌ (၁၈၀)ဦး၊ အမရဌာနီအရှေ့ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၌ (၁၉၀)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌ (၃၁၀)ဦး၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရား ရွှေကျီးနားဓမ္မာရုံ၌ (၂၀၀)ဦး၊ ဥပုသ်တော်ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ (၁၂၀)ဦး၊ စုစုပေါင်း(၁၀၀၀)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)