ကျောက်ဆည် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံစေရေး နွေစပါး (၅၅၃)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်တွင် မင်းရဲရေမြောင်းသောက်စနစ်ဖြင့် (၁၀၀)ဧက၊ မြေအောက်ရေ(စက်ရေတွင်း)ဖြင့် (၅၃)ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် သင်းတွဲမြောင်းရေသောက်စနစ်ဖြင့် (၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေး ရှေ့တန်းစခန်းတွင် တမုတ်မြောင်းရေသောက်စနစ်ဖြင့် (၁၅၀)ဧက စုစုပေါင်း(၅၅၃)ဧက လျာထားစိုက်ပျိုး ထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် နွေစပါးစိုက်တောင်သူများအနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မနောသုခ၊ ရွှေမနော်နှင့် GW-11 စပါးမျိုးများ စိုက်ပျိုးကြပြီး စပါးသီးနှံများ အောင်မြင်သည်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)