မေ ၄
ရဝမ်ဒါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။
ဒေသခံအာဏာပိုင်များက ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် လူ ၁၂၇ ဦးထက်မနည်း သေဆုံးကြောင်း ယမန်နေ့က ပြောကြားသည်။
အဆိုပါရေကြီးရေလျှံမှုများကြောင့် နေအိမ်များပျက်စီးသွားသကဲ့သို့ ခါးအထိနက်သောရေထဲတွင် လူအများက ၎င်းတို့ပိုင်ပစ္စည်းများကို သယ်ဆောင်ရန်ကြိုးစားနေကြသည်ကို ဗွီဒီယိုဖိုင်တွင် တွေ့မြင်ကြရသည်။
နိုင်ငံအနောက်တောင်ပိုင်း တောင်ကုန်းထူထပ်သောဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ လူခြောက်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကြက်ခြေနီအသင်းက ယမန်နေ့ကဖော်ပြထားသည်။
ရဝမ်ဒါနှင့် ယုဂန္ဓာနိုင်ငံတို့တွင် မတ်လနှောင်းပိုင်းမှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို