မုံရွာ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မေ ၄ ရက် နံနက်ပိုင်းမှ စတင်၍ မုံရွာမြို့ မြဝတီရပ်ကွက် မြဝတီစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၁၅)ဦးခန့်သည် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာ ပေးခြင်းတို့အပြင် Mask Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း Mask (၅၀၀)ခုအား အခမဲ့ ဝေငှ ပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)