မေ ၄

တရုတ်နိုင်ငံအရှေ့ပိုင်း ချန်ဒေါင်ပြည်နယ် လိုင်အိုချန်မြို့တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကိုးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း  ဒေသခံအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါစက်ရုံပေါက်ကွဲမှုသည်  လူရှီဓာတုစ်ရုံအုပ်စု ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ထုတ်လုပ်သည့်ဒေသတွင် မေလ ၁ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုပွားခဲ့ပြီးနောက် ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် ငါးဦးသေဆုံးသည်ကို တွေ့ရှိရပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း လေးဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တစ်ဦးသည်ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို