နေပြည်တော် မေ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် စင်္ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရန်ကုန်မြို့၌ ရုရှားအော်သိုဒေါ့ဘုရားကျောင်း တည်ဆောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဘာသာရေးနှင့်ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်မည့်ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
သတင်းစဉ်