နေပြည်တော် မေ ၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ ပေါင်းကူးလမ်းမပေါ်တွင် ကျော်ကျော်ဦး(ခ)ကျော်ကြီးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၂ နာရီ ၄၀ မိနစ်တွင် ငွေစိုးမင်း(ခ)ဖိုးတုတ် ကို မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ဥက္ကလာသီရိလမ်း၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာ အနီးတွင် တင်မင်းထွန်း ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဟိုပန်မြို့နယ်၊ ပန်ကောက်ကျေးရွာအုပ်စု၊ ပန်ကောက် ကျေးရွာ(ဝ)နေ ညီမြတ် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် ဘိန်းဖြူ ၄၀ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား