မော်လမြိုင် မေ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် ဂုဏ်ပြုစစ်ကြောင်းအဖွဲ့မှ မွန်ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြု၍ ပြည်နယ် ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များ၏ Brave Heart သရုပ်ပြသမှုများ၊ Gas မီးငြှိမ်းသတ် သရုပ်ပြသမှုများ၊ Fire installation တပ်ဆင်သရုပ်ပြသမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ သင်တန်းထူးချွန်ဆုရရှိသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ လုပ်သက် ၂၅ နှစ်နှင့်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော စာမူရှင်များ၊ ပြည်နယ်အဆင့် ဝန်ထမ်းလိုင်းခန်းဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ခေါင်းလျှော်ရည် ဖျော်စပ်နည်း နည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)