နေပြည်တော်၊ မေ ၅

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေလ ၅ ရက် မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားနည်းများအနက် အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။

 

အဆိုပါ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စု (က)မှ   မြန်မာအမျိုးသား ဘောလုံးအသင်းနှင့်  ကမ္ဘောဒီးယားအသင်းတို့သည် မေ ၇ ရက်၊ ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို MRTV HD Channel MRTV Sports Channel MRTV Parliament ChannelMRTV Farmers’ Channel နှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်သည်။

(သတင်းစဉ်)