ရွှေသောင်ယံ မေ ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့တွင်းရှိ လမ်းသွား လမ်းလာများ၊ ဈေးဆိုင်များ၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက လေခိုလှုံရာနေရာအဖြစ် သတ်မှတ်ထားသော စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)