ပင်လောင်း မေ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပင်လောင်းမြို့မစျေးအတွင်းနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ အဖွဲ့ဝင်များက ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါမျိုးကွဲများ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ လိုက်နာကြရန်၊ နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး မပျက်မကွက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)