မိုင်းယောင်း မေ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူး ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၃)ကို မေ ၅ ရက်က အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက်ကာ ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယတပ်ဖွဲ့မှူး ဦးထူးလှိုင်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် ဒုတိယမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမင်းမင်းလတ် တို့က ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် ရှေးဦးသူနာပြုစုနည်း များကို စာတွေ့လက်တွေ့ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း