နမ္မတူ   မေ ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဧပြီ ၃၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေ ၄ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်နှင့် တာဝန်ရှိသူများက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ခိုမိုကျေးရွာအုပ်စု၊ အိုလဘန်ဒါကုန်းရှိ လူနေအိမ် ၁ လုံး၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ နမ့်ကန်ကျေးရွာရှိ လူနေအိမ် ၁ လုံး၊ စုစုပေါင်း လူနေအိမ် ၂ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလပ်စတစ်ပုံး ၂ ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၄၀၀၀၀၀ ကျပ်၊ လူဦးရေ ၁၀ ဦးတို့အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀၀ ကျပ်တို့အား ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)