နေပြည်တော် မေ ၆
ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ နိုင်ငံတကာလေ့ကျင့်ရေးအကယ် ဒမီသင်တန်းကျောင်း သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး Major General Vasilyev Aleksandr Pavlovich က သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ ရွေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးမှု တားဆီးရေးဆိုင်ရာများ နှင့်ပတ်သတ်၍ လေ့ကျင့်သင်ကြားပေးနေမှု နိုင်ငံခြားသား သင်တန်းသားများအတွက် လေ့ကျင့်သင်ကြားပေးသည့် နည်းစနစ်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးကသိရှိလိုသည်များ ပြန်လည်မေးမြန်းပြီးနောက် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်း များနှင့် သင်ထောက်ကူပြုပစ္စည်းများကို လိုက်လံရှင်းလင်းပြသကြ၍ အပြန်အလှန်လက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ယနေ့တွင် ဘီလာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နေသော x-Infotech ကုမ္ပဏီသို့သွား ရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ဘီလာရုစ်သမ္မတနိုင်ငံ၏ e-Government စနစ်နှင့်ချိတ်ဆက်၍ e-ID စနစ် အကောင်ထည် ဖော်ဆောင် ရွက်နေမှုများတွင် နည်းပညာပိုင်းဆိုင်ရာအရ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် e-ID စနစ်နှင့်ပတ်သတ်၍ နိုင်ငံတကာတွင်ဆောင်ရွက်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်