ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံသို့ သွားရောက်၍ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးနှင့် ဌာနများမှ ဝန်ထမ်းများ ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံ နွယ်များရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေနှင့် အမှိုက်များ လှဲကျင်းရှင်းလင်း သိမ်းဆည်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်၍အလင်းဖွင့်ခြင်း၊ ဇာတ်ရုံမျက်နှာစာ ရေကန်အတွင်း အမှိုက်များ၊ ရေညှိများ ဖယ်ရှားရှင်းလင်း၍ ရေလဲလှယ်ခြင်း၊ ဇာတ်ရုံရှေ့ မြို့မကျောင်းလမ်းရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် သဲ၊ ခဲ နှင့် အမှိုက်များ ဆယ်ယူ ရှင်းလင်းခြင်း ဆောင်ရွက်နေမှုနှင့် မြို့မကျောင်းလမ်းတစ်လျှောက် လမ်းမတော် ဘူတာရုံနှင့် စကားဝါလမ်းအကြား သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု ၊မင်္ဂလာတောင်ညွန့်မြို့နယ် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကတ္တရာကွန် ကရိဖျော်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု၊ စက်များလည်ပတ် ဆောင်ရွက်နေမှုနှင့် စက်ရုံဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားမှုတို့ကိုကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်သည် မွန်းတည့် ၁၂ နာရီတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော် မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ် စဉ်(၁၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြေကြားသည်။ ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန် က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်