တက္ကဆက်၊ မေ ၇
အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မေ ၆ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။ ဒဏ်ရာရရှိ၍ဆေးရုံပို့ထားရသူများထဲမှ သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း မီးသတ်ဌာနမှ အရာရှိများက ပြောသည်။
သေနတ်သမားဟု သံသယရှိသူမှာ ရဲအရာရှိတစ်ဦး၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရသည်။ ပစ်ခတ်မှုဖြစ်ပွားရာ ဈေးဝယ်စင်တာကြီးမှာ ဒါးလက်စ် မြို့ မြောက်ပိုင်း ၄၀ ကီလိုမီတာအကွာရှိ အယ်လန်မြို့၌ တည်ရှိသည်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွား သည့်အချိန်မှာ လူသူရှုပ်ထွေးစည်ကားသည့် မွန်းလွဲပိုင်းဖြစ်သည်။ အဆိုပါ ရာဇဝတ်မှု၏ နောက်ကွယ်မှ အချက်ကို ရဲအရာရှိ များက စုံစမ်းစစ်ဆေးလျက် ရှိသည်။
မေ ၄ ရက် တစ်ရက်တည်းတွင် တိုင်းပြည်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၁၉၂ မှုဖြစ်ပွားခဲ့ပြီး လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမေရိကန်၌ သေနတ်အကြမ်းဖက်မှုဆိုင်ရာ အချက် အလက်များကို ထောက်ပံ့ပေးထားသည့် လက်နက်ထိန်းချုပ်ရေး မော်ကွန်းရုံးက ပြောသည်။
အင်န်အိတ်ချ်ကေ