မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မုန်တိုင်းခန့်မှန်း သတိပေးထုတ်ပြန်ချက်အား ပြည်သူများ သတိပြုသိရှိ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြံခင်းမြို့နယ်ရပ်ကွက်များ၊ လမ်းများနှင့် လူစည်ကားရာ လမ်းထိပ်နေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(ပြန်/ဆက်)