ပျော်ဘွယ် မေ ၈
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမဘေးရှိ အမေထိန်းခန်းမရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်ပါဝင်သည့် ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများက စုပေါင်းစိုက်ထူပေးကြသည်။
“ကျွန်တော်တို့မြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း (၂၄၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၅)ကျောင်း ရှိပါတယ်၊ ကျောင်းအပ်နှံခြင်းကိုတော့ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်တဲ့ မေလ (၂၃)ရက်နေ့ကနေစပြီး သက်ဆိုင်ရာ ကျောင်းအသီးသီးမှာ ကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းမင်းထွေး(ပျော်ဘွယ်)