မေ ၈
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမလေးလတာကာလအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာသန်း ၇၀၀ နီးပါး ဝင်ငွေရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။
အဆိုပါခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုသည် လွန်ခဲ့သောနှစ်အလားတူကာလထက် ၁၇ ဒသမ ၈ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု ၎င်းကဆိုသည်။
သီရိလင်္ကာခရီးသွားဖွံဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ပရီအန်တာဖာနန်ဒိုက ဧပြီလအတွင်း ခရီးသွားလုပ်ငန်းမှ ဒေါ်လာ ၁၆၆ ဒသမ ၅ သန်း ဝင်ငွေရရှိခဲ့ကြောင်း မီဒီယာအားပြောကြားသည်။
နိုင်ငံအတွင်း ယခုနှစ် ပထမ သုံးလတာကာလအတွင်း ခရီးသွား ၃၃၅၆၇၉ ဦး ရောက်ရှိကြောင်း ကိန်းဂဏန်းဖော်ပြချက်အရ သိရသည်။
ဖာနန်ဒိုက ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဦးရေ ၂ သန်း ရောက်ရှိရန်မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို