နေပြည်တော် မေ ၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမေ ၁ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀၁ဒသမ၅၁၀၃)တန်၊ သစ်မာ (၂၀ ဒသမ ၄၉၁၁)တန်၊ အခြား (၇၃ဒသမ၃၉၀၈)တန်၊ စုစုပေါင်း (၁၉၅ ဒသမ ၃၉၂၂) တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ သစ်တောဉီးစီးဌာနမှ သိရသည်။
သတင်းစဉ်