မေ ၁၂

 

ယီမင်နိုင်ငံတောင်ပိုင်း အာဘီရန်ပြည်နယ်တွင် ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ယမန်နေ့က ကြီးမားသောပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

 

အာဘီရန်ပြည်နယ် ဂျာအာမြို့တွင် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်သော ဓါတ်ဆီဆိုင်ရှိဓါတ်ငွေ့ သိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွားခဲခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

အဆိုပါပေါက်ကွဲမှုသည် လူနေထူထပ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် ဓာတ်ဆီဆိုင်လုံးဝပျက်စီးသွားကာ အနီးနားရှိအဆောက်အဦများနှင့် ယာဉ်များပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

ထိုဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ဒေသတွင်းလုံခြုံရေး အာဏာပိုင်များက ကနဦး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို