မင်းပြား မေ ၁၄
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်းခိုလှုံရာနေရာသို့ ပြောင်းရွှေ့လျက်ရှိရာ ယမန်နေ့ညနေထိ ဆက်လက်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြောင်းရွှေ့ရာတွင် မင်းပြားမြို့နယ်ရှိ ဥတ္တရာ၊ အိုင်ဝန်း၊ လဟာကျယ်၊ ကျွဲတက်၊ လဟာကျယ်၊ ခွေးတောက်ချောင်း၊ လိပ်ကျောက်ရ၊ တောကန်၊ ဥတ္တရာ၊ အိုင်ဝန်း၊ မညှင်းပြင်၊ ခေါင်းလောင်းချောင်း၊ ဇီးကိုင်းရွာဟောင်း၊ ဇီးကိုင်းရွာသစ်၊ အောက်ငှက်ပျောချောင်း၊ ဇင်ယော်မော်၊ တဲနန်းပြင်၊ စမ္ဘရာ၊ မှင်တောက်၊ ခမောင်းတော စသည့် ကျေးရွာ(၁၇)ရွာမှ အိမ်ထောင်စု (၂၉၈၅)စု လူဦးရေ (၁၁၆၉၃)ဦးအား မုန်တိုင်းအန္တရာယ် ဘေးလွတ်ရာနေရာများသို့ ဆက်လက်ပြောင်းရွှေ့ပေးပြီး ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ငါးပိများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သောင်းရွှေ