ကံမ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အလပ်လယ်ကျေးရွာအုပ်စု ရှားစေးဘိုကျေးရွာ၌ လူနေအိမ်(၇)လုံး၊ ကျွန်းကလေးကျေးရွာအုပ်စု ထုံးကြီးကျေးရွာ၌ လူနေအိမ်(၈)လုံး စုစုပေါင်း လူနေအိမ်(၁၅)လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ရာ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပျက်စီးမှုများအား ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)