ဘူးသီးတောင် မေ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၇ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်က အမှာစကား ပြောကြားပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ထောက်ပံ့ပစ္စည်းပေးအပ်နိုင်ရေး ဆွေးနွေးကာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)