ညောင်ဦး  မေ  ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေသားရေကန်များအားလုံး မေ ၁၃ ရက်နှင့် မေ ၁၄ ရက်တို့တွင် ရွာသွန်းခဲ့သည့်မိုးကြောင့် ရေပြည့်လျှံခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သုတေသနဌာနစုမှ ဦးစီးအရာရှိ ဦးလှညွန့်ထံမှ သိရသည်။

 

ပုဂံခေတ်မှသည် ယနေ့အထိ သောက်သုံးရေအသုံးပြုလျက်ရှိသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေသားရေကန်များဖြစ်သည့် အလံပုဂံရေကန်၊ တောင်ကျောင်းကန်၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက် (ညွှန်လက်တဖက်)ကန်၊ ဖိုးသူတော်ကန်၊ ရွှေထီးကန်၊ ရွှေနန်းရင်တောကန်၊ ကိုမောက်ကန်၊ မင်္ဂလာကန်၊ ကန်သစ်ကန်၊ မန်ကျည်းကန်၊ ဦးကျည်ပွေ့ကန်၊ ဆင်ဖြူရှင်ကန်၊ မနူမရွဲကန်၊ အုတ်ဖုတ်ကန်၊ ဖျောက်ဆိပ်ပင် (ကန်သုံးဆင်)ကန်၊ ကန်စွန်းဘုန်းကြီးကျောင်း(အင်ကြင်း)ကန်၊ မြင်းကပါအင်း၊ ကောင်းနန္ဒာကန်၊ သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်တို့တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ရေပြည့်လျှံခဲ့ကြောင်းသိရပြီး ကျွဲ၊ နွား၊ ဆိတ်များအတွက် ရေမခက်ခဲတော့ကြောင်းသိရပြီး ၄၁၅ ဧကပေကျယ်ဝန်းသည့် မြကန်ရေလှောင်တမံမှာ ရေပိုလွှဲမှ ရေကျော်ရန် ၁၁ ပေခွဲခန့် လိုတော့ကြောင်း သိရသည်။

 

ဒီပါလင်း