မိုင်းရယ် မေ ၁၇

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံ ပြည်သူများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများကို မေ ၁၇ ရက် နံနက်ပိုင်းမှစ၍ (၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာ၌ ဆေးတပ်ဖွဲ့ဝင်များက ရဟန်းရှင်လူ ပြည်သူ ၁၀၀ ကျော်အား အထွေထွေရောဂါများ စစ်ဆေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။ ထို့ပြင် နာတာရှည်ရောဂါ ခံစားနေရသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ထောက်ပံ့ပေးပြီး ကျန်းမာစွာ နေထိုင်စားသောက်မှုပုံစံများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)