ရသေ့တောင် မေ ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အချောင်းဝရပ်ကွက်၌ ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃ လုံး လောင်ကျွမ်းခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း၊ လူအသေမပျောက်မရှိကြောင်း၊ ရေရှားပါးမှုကြောင့် ချောင်းရေများကိုအသုံးပြု၍ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)