မိုင်းပန် မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် မိုင်းပန်တပ်နယ်မှ မြို့မဈေးရှေ့တွင် မေ ၂၂ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ကြက်သား တစ်ပိဿာလျှင် ငွေကျပ်၇၀၀၀၊ ငါး တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀၊ ကြက်ဥ တစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)