ရန်ကုန် မေ  ၂၂

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၄) သင်တန်းဖွင့်ပွဲကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ရတနာသိင်္ဃခန်းမ၌ မေ ၂၂ ရက် နံနက်ပိုင်းက ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော် တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၄)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၂၀၃ ဦး၊ သင်တန်းသူ ၃၀၆ ဦး စုစုပေါင်း ၅၀၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၀ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်