ရန်ကုန် ၁၇ ဒီဇင်ဘာ
ယနေ့ ဒုတိယအကြိမ် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် တရားလွှတ်တော် တရားသူကြီးချုပ်အစားထိုးခန့် ထားမှုကို ပြီးခဲ့သော ဒုတိယနေ့အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ယနေ့တွင် တရားဝင်ခန့်ကာ လွှတ်တော်၌ ကတိသစ္စာပြု မှတ်တမ်းတင်ခဲ့သည်။
အဆိုပါ အရေးပေါ် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ လတ်တလော လစ်လပ် လျက်ရှိသော တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးလှအေးအား အဆိုပြုပေးပို့သည်။ ယင်းပေးပို့မှုကို ပြီးခဲ့သော ဒီဇင်ဘာ ၁၁ ရက်က လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ရန် တင်ပြထားပြီး သက်ပြည့်ပင်စင်ဖြင့် အနားယူခဲ့သော ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ နေရာတွင် ယနေ့ တရားလွှတ်တော် တရားသူကြီး ဦးလှအေးအား တရားဝင် အစားထိုးပြောင်းလဲ ခန့်အပ်ထားခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် စတင် တာဝန်ယူ ထမ်းဆောင် ဦးလှအေးသည် ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ရ သူတစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ တရားရေး လောက၌ အခြေခံအဆင့်မှ အဆင့်ဆင့် တာဝန် ထမ်း ဆောင် ခဲ့သူဖြစ်ပြီး တရားရုံးချုပ် နေပြည်တော်တွင်လည်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ် ဦးဖြစ်သည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်