စစ်တွေ မေ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့သည့် ဒေသများအနက် စစ်တွေ၊ ရေသေ့တောင်၊ မင်းပြားမြို့များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရွေ့လျားရေသန့်စင်ယာဉ် ငါးစီးဖြင့်လည်းကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များအတွက် life Straw ရေသန့်စက် အလုံး ၅၀ ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ Life Straw ရေသန့်စက် အလုံး ၆၀ ဖြင့် ဖြန့်ဝေပေးပို့သွားမည်ဖြစ်ပြီး မေ ၂၃ ရက် မွန်းလွဲပိုင်းက ရွေ့လျားရေသန့်စက်ကို အသုံး ပြု၍ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ ထန်းပင်ရင်း မြေသားရေကန်မှ ရေကို စုပ်ယူကာ ရပ်ကွက်နေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက် အားပေးကြည့်ရှုခဲ့သည်။ ၎င်းရေသန့်စက်များကို အသုံးပြု၍ ကျေးရွာများရှိ မြေသားရေစုကန်များမှ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်