နေပြည်တော်၊ မေ ၂၄

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်လင်ချန်းမြို့၊ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၊ နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲကို ယနေ့ ညနေ ၆နာရီခွဲတွင် Horizon Lake View Hotel ၌ ကျင်းပသည်။  

 

ညစာစားပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ မြို့တော်ဝန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲ အထိမ်းအမှတ် လက်ဖက်ခြောက်ဘူးပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးလဲလှယ်ကြသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လင်ချန်းမြို့၊ မြို့တော်ဝန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ညစာသုံး ဆောင်နေချိန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုအနုပညာရှင်များက အကပဒေ သာများဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်  လင်ချန်းမြို့ မြို့တော်ဝန်တို့က အနုပညာရှင် များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် (၃၀၀)ခန့် ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)