ချောင်းဆုံ မေ ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားကို ချောင်းဆုံ(အထက)မှ ကျောင်းသား ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီတေးသီချင်းဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်းက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက အမှာစကား ပြောကြားသည်။
ထိုနောက် မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်မူ) ကျောင်းများအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ကြပြီး ချောင်းဆုံ(အထက) ကျောင်းသား ကျောင်းသူများက ပြည်မြန်မာ တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ချောင်းဆုံ(ပြန်/ဆက်)