နတ်မောက် မေ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၅ ရက်အထိ ကျောင်းသား ကျောင်းသူ ၁၅၇၁၉ ဦး လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာဆရာမများက အသက်(၅)နှစ်အရွယ် ကလေးငယ်များကို KG တွင် အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို G-1 သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များ အခမဲ့ထုတ်ပေးလျက်ရှိသည်။
လှဝင်း