မြင်းခြံ မေ ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စပယ်ခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ က "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "နှလုံးသားကို အလှဆင်ပါ" တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေသည်။

 

နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ၊ ကျောင်းဝတ်စုံများကို မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။ ထို့နောက် အခမ်းအနားကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "ပြည်မြန်မာ" သီချင်းဖြင့် ဧည့်ခံဖျော်ဖြေသည်။

 

ကျော်စွာ(မြင်းခြံ)