နေပြည်တော် မေ ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မေလ ၁၈ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Tonyco Rocker Machinery Spare Parts (၅၅၅ ဒသမ ၅) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၀၇,၉၄၀)ကိုလည်း ကောင်း။Women’s Autumn Footwear ဖိနပ်(၁၂၉၄၄)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၇၇၆,၀၀၀) ကိုလည်းကောင်း၊Synthetic Gents Footwear ဖိနပ် (၂၅၂၄၈)ရန် အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၃၃,၄၀၄,၇၄၂) ကိုလည်းကောင်း၊ Ladies Slipper ဖိနပ် (၁၆၄၈၈)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၃၁၂,၄၀၀)ကိုလည်းကောင်း၊ VKC Pride Synthetic Footwear ဖိနပ် (၂၈၉၂၀)ရန် အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၀၂,၄၀၀)ကိုလည်းကောင်း၊ Lady’s SYN Sythetic Footwear ဖိနပ် (၂၃၀၄၀)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၃၅၃,၆၀၀)ကိုလည်းကောင်း၊ မေလ ၂၃ ရက်တွင်မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Cloth Ribbon (၂၂၀၀)ကီလိုဂရမ်နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Scissors (၃၀၀၀)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၆၂၀,၀၀၀)ကိုလည်းကောင်း၊ Metal Baking Trey (၇၀၀)ခု အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၄၇,၈၂၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် မရရှိမီ လေဆိပ်သို့ ကြိုတင်ရောက်ရှိသည့် ရက် (၆၁)ရက် ကျော်လွန်သည့် Ashcorft Steel Water Jug (၂၁၅)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၈,၉၇၀)ကိုလည်းကောင်း၊ Ashcorft Melamine Paper Photoframe (၃၁၃)ခု အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄,၆၉၅)ကို လည်းကောင်း၊ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက် (၂၁)ကွင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁,၄၁၈,၅၆၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး၌ မြဝတီ-ဘားအံ-ရန်ကုန်လမ်းကြောင်းအတိုင်း ရန်ကုန်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအား စိစစ်၍ ထောက်ပံ့ရေးနှင့်ပို့ဆောင်‌ရေးဌာနခွဲသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Lotus Shower Sandal ဖိနပ်(၁၃၉၂၀)ရန် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၆၂,၄၈၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၃၆၂,၄၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် မေလ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က သာယာဝတီခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၆၈၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၆,၃၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၈ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉,၁၂၇,၄၃၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်