ရပ်စောက် မေ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပညာရေးဌာနမှ တာဝန်ရှိသူများတို့သည် မေ(၂၅)ရက်နံနက် (၉)နာရီခွဲက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တောင်ငူဆောင်၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံကြောင်း သိရသည်။

တွေဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒေါက်တာကျော်ထွန်း က ကျောင်းအပ်နှံမှုတွင် ရာခိုင်နှုန်း နည်းပါးနေသေးသောကြောင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ Grade-9 အတန်း ပညာတတ်မြောက်အောင် ဆောင်ရွက်နိုင်ရန် မိဘ၊ ဆရာ၊ ကျောင်းသား ၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တစ်နိုင်ငံလုံးအတွက် ကျောင်းသား၊ ကျောင်းသူများကိုဘောပင်၊ ခဲတံ၊ ဗလာစာအုပ်၊ ပြဌာန်းပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ အခမဲ့ဖြန့်ဝေ ပေးမှုကို မိဘများသိစေလိုကြောင်း စာတတ်မှ မျိုးနွယ်စုများ တိုးတက်မှာဖြစ်သောကြောင့် ကလေးများစတတ်ရန်အတွက် ကျောင်းအပ်နှံပေးရမည်ဖြစ်ကြောင်း၊ ကလေးများ စာတတ်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ပညာ သင်နှစ်တွင် စတင် ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းသင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာစိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့်အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာ မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရန် ပြန်လည်မွမ်းမံနိုင်ရန် ပြင်/ ထိန်းစာများ တင်ပေးကြရန် ရပ်မိရပ်ဖများကလည်း ကျန်သည့်ကျောင်းများကို လက်ဆင့်စကားအကြောင်းကြားပေးရန်နှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်း ကြိုးစားပေးကြရန်ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားရာ ကျောင်းအပ်နှံရေးအတွက် ရှမ်းပြည်နယ်တစ်ခုလုံးရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးဆောင်ရွက်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အသစ်ထပ်မံကျောင်းအပ်နှံနိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း ဆောင်ရွက်ပေးကြန်ပြောကြားသည်။

ထို့နောက် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသန့် မှ ကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းအကျိုးတော်ဆောင် ဦးအောင်နိုင်၊ ရပ်မိရပ်ဖ ဦးသိန်းဇော်နှင့် ပင်ဖြစ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကျောင်းအတွက် လိုအပ်ချက်များ၊ ကျေးရွာလိုအပ်ချက်များ တင်ပြ ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း က ကျောင်းနှင့် ဒေသလိုအပ်ချက်များ အပေါ်ပြန်လည်ဖြည့်စွက်ပြောကြားကြောင်း သိရသည်။

၎င်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး က ငွေကျပ်(၅)သိန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသန်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးအောင်နိုင် တို့မှ လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြား၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူမျာသည် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် တာဝန်ရှိသူများသည် မွန်းလွဲ(၁)နာရီက ကလောခရိုင် ညောင်ရွှေမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပုလဲခန်းမတွင် ဆရာ၊ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ၂၀၂၃ခုနှစ်၊ မေလ နောက်ဆုံးရက် သတ္တပတ်တွင် ကျောင်းအပ်နှံရေးနေ့အဖြစ်ကျင်းပပါကြောင်း၊ ကျောင်းနေအရွယ်ကလေများ ကျောင်းနေနိုင်ရေးအတွက် မိဘ၊ ဆရာများ ကြိုးစားဆောင်ရွက်ပေးကြရန်၊ ပညာရေးမြင့်မားရေးအတွက် Grade- 9 သင်တန်းများ ဆင့်ပွားသင်ကြားပေးလျက်ရှိ ကြောင်းနှင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရပ်ကွက်ကျေးရွာတွင် ကျောင်အပ်နှံရန်ကျန်ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ဆရာမများမှ ဆောင်ရွက်ပေးကြရန် အခက်အခဲများရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ သို့တင်ပြပေးကြရန်ပြောကြားသည်။

ထို့နောက် ညောင်ရွှေမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှထွန်း မှ ကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းအကျိုးတော်ဆောင်နှင့် အခြခံမူလတန်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ ကျောင်းအတွက် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ကျောင်းလိုအပ်ချက်များ အပေါ်ပြန်လည်ဖြည့်စွက်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ညောင်ရွှေမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ထောက်ပံ့ငွေကျပ် (၅)သိန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်မှ လက်ခံရယူပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြား၍ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် ရွေရန်ပြေအခြေခံပညာအလယ်တန်းကျောင်း ပုလဲခန်းမ၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များမှ ကျောင်းလိုအပ်ချက်များတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက လိုအပ်ချက်အပေါ် ပြန်လည်ပြောကြား၍ ရွှေရန်ပြေ အခြေခံ မူလတန်းကျောင်းဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ငွေကျပ်(၅)သိန်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကော်မတီတို့မှ လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)