ဖယ်ခုံ   ၁၆   ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးမီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယနေ့  နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို အဆိုပါဈေးကွင်းတွင် ကျင်းပသည်။

 

DSC03

 

လက်တွေ့သရုပ်ပြမှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဂတ်(စ်)အိုးမှ မီးလောင်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးလောင် နေမှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ဆီ မီးလောင်နေမှုအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ အပေါ့စားမီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်နှစ်စီးဖြင့် ဈေးအတွင်းဝင်ရောက်မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇင်ဝင်းနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပညာပေးပိုစတာများစိုက်ထူ၍ အခမ်းအနားတက်ရောက် လာသူများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မီးသတ်တပ်ဖွဲ့တို့မှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

 

 ကိုထွေး(ဖယ်ခုံ)

 

DSC03