မေ ၃၀

 

အီသီယိုမီးယားနိုင်ငံမြောက်ပိုင်းဒေသရှိ အကျဉ်းထောင်ဖောက်ပြေးရန်ကြိုးစားမှုကြောင့် အကျဉ်းသားလေးဦးနှင့် အစောင့် တစ်ဦးတို့သေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါအကျဉ်းထောင်ဖောက်ပြေးရန်ကြိုးစားမှုသည် မေလ ၂၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

လက်နက်ကိုင်လူဆိုးတစ်ဦးက အာလီဖာခရိုင်ရှိ အကျဉ်းထောင်အတွင်း လက်ပစ်ဗုံးများ ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုဖြစ်စဉ်တွင် လူ ၂၀ ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားလေးဦး လွတ်မြောက်သွားသည်ဟု သိရသည်။

 

အာဏာပိုင်များက အကျဉ်းထောင်ဖောက်ပြေးရန် ကြိုးစားမှုနောက်ကွယ်ကလူများနှင့် ထွက်ပြေး လွတ်မြောက်သွားသူများအား ဖမ်းဆီးရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို