မေ ၃၀

 

မော်လ်တာနိုင်ငံ၌ ကျင်းပသည့် ဥရောပနိုင်ငံငယ်လေးများ၏ ၁၉ ကြိမ်မြောက်အားကစားပြိုင်ပွဲများတွင် ဥရောပနိုင်ငံ ကိုးနိုင်ငံမှ အားကစားသမား ၁၀၀၀ ပါဝင်ယှဉ်ပြိုင်သည်ဟု သိရသည်။

 

အဆိုပါ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၉ ရက်က စတင်ကျင်းပခဲ့သည်။

 

ပြိုင်ပွဲဝင်မည့် အားကစားသမားများသည် အန်ဒိုရာ၊ စီပါ့စ်၊ အိုက်စလန်၊ လစ်တန်စတင်း၊ လမ်ဘောက်၊ မော်လ်တာ၊ မိုနာကို၊ မွန်တီနီဂိုနှင့် ဆန်မာရီနိုနိုင်ငံတို့မှ ဖြစ်သည်။

 

၎င်းတို့သည် မေလ ၂၉ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပမည့် အားကစားနည်း ၁၀ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

 

အားကစားနည်း ၁၀ မျိုးတွင် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊  ဂျူဒို၊ သေနတ်ပစ်၊ ရေကူးနှင့် တင်းနစ်ပြိုင်ပွဲစသည်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။

 

အားကစားဖွင့်ပွဲအခမ်းအနားတွင် မော်လ်တာနိုင်ငံဝန်ကြီးချုပ် ရောဘတ်အာဘီလာက ပါဝင်ယှဉ်ပြိုင်သောနိုင်ငံများမှအားကစားအသင်းများအား ကြိုဆိုပါကြောင်းနှင့် အားကစားသမားများအနေဖြင့် အားကစားသမားပီသမှုနှင့် တရားမျှတသော ကစားနည်းအခြေခံသဘောတရားများကို လက်ကိုင်ထားယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို