နေပြည်တော် မေ ၃၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ် သင့်ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက်မှု ရှိစေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးကြသည်။
သတင်းစဉ်