ဇွန် ၁

 

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ မီးရှူးမီးပန်းဂိုဒေါင်တစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က သုံးဦးထက်မနည်းသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါပေါက်ကွဲမှုသည် အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဗစ်ဆာပါ့နမ်၏ အနောက်တောင်ဘက် ၇၅၈ ကီလိုမီတာအကွာ တရူပါ့တီခရိုင်အီလာကတ်တာဗာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုဂိုဒေါင်အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ချက်ချင်းရောက်ရှိလာကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

လုပ်ငန်းရှင်များသည် ဘေးကင်းလုံခြုံရေးစံနှုန်းများကို လျစ်လျူရှုထားလေ့ရှိသဖြင့် အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့် ဈေးဆိုင်များတွင် မတော်တဆပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို