ဇွန် ၈
ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ဆွာတ်ခရိုင်တွင် ဇွန်လ ၈ ရက်နေ့က အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး လမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ထိုပစ်ခတ်ခံရမှုကြောင့် သေဆုံးသူရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် စည်ကားသောဟင်းသီးဟင်းရွက်ဈေးတွင် တာဝန်ကျ နေသူများဖြစ်သည်။
အဆိုပါသေနတ်သမားသမားများသည် ထိုရဲတပ်ဖွဲ့ဝင်များပစ်ခတ်ပြီးနောက် ဆိုင်ကယ်ဖြင့်ထွက်ပြေးလွတ်မြောက် သွားကြသည်ဟု သိရသည်။
ဒဏ်ရာရရှိသူတစ်ဦးသည် ပုဂ္ဂလိကဘဏ်တစ်ခု၏လုံခြုံရေးအစောင့်တစ်ဦးဖြစ်ပြီး ၎င်းကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်း၏ကျန်းမာရေးအခြေအနေဆိုးရွားကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က အနီးဝန်းကျင်ဒေသများကို ပိတ်ဆို့ကာ ထွက်ပြေးလွတ်မြောက်သွားသော သေနတ်သမားများကို ရှာဖွေစုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို