နေပြည်တော် ဇွန် ၁၆

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် အဆိုပါဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်း ကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ    ဒုတိယဝန်ကြီး   ဦးအေးကျော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိက ကဏ္ဍတွင်ပါဝင်သည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ်များ  ဖွံ့ဖြိုးတိုးတက် လာစေရန် သင်တန်းသားများအနေဖြင့်  သင်တန်းမှရရှိသည့်   အခြေခံပညာရပ်များကို  လုပ်ငန်းခွင်အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တာဝန်ယူ၊ တာဝန်ခံနိုင်သူများဖြစ်ရေး နေထိုင်ကျင့်ကြံရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို စိတ် ကောင်းစေတနာ အပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစား အားထုတ်ဆောင်ရွက်ကြစေလိုကြောင်း  ပြောကြား သည်။

 

ထို့နောက်  ဒုတိယဝန်ကြီးက  သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများကို  ဆုများပေးအပ်ချီးမြှင့်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များကိုယ်စား သင်တန်းသားတစ်ဦးထံ ပေးအပ်သည်။

သတင်းစဉ်